သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, February 9, 2012

ဝေးနေလေ လွမ်းလေလေ

ဟိုအရင်

အတိက်ဟောင်းကို

ပြန်လည်မြင်ရောင်မိလေတိုင်း

ရင်ထဲမှာ တစစ်စစ်နဲ့...........နာ

နာကျင်ခံစားနေရသူ (ငါ့အတွက်)

ဖြူစင်သန့်ရှင်းတဲ့

သံယောဇဉ်ကြိုးလေးတွေ (နောက်တစ်ဖန်)

ရစ်ပတ်ခွင့် (ပိုင်ဆိုင်ခွင့်) မရှိတော့ဘူးလား

ကြေကွဲ ....၀မ်းနည်း

မျက်ရည်တွေဗွက်ပေါက်နေတဲ့

နေ့ ညတွေ ဟာလဲ  အသင်္ချေ အနန္တပေါ့

မပြိုကွဲနိုင်တဲ့ အမုန်းတံတိုင်းကို

ပြိုကွဲစေချင်မိတာ ငါ့အပြစ်လား ?

ဖြစ်နိုင်ပါသေးတယ်

မင်းဘာကြောင့်ြုငင်းပယ်နေတာလဲ

မင်းတိုက်စားလွန်းလို့

တစစီ.......တစစီပဲ့ကြွေခဲ့ပေါ့

မဆုံနိုင်သေးတဲ့ ကာလပတ်လုံး

ငါ့ရင်မှာ ကောင်းကင်ပမာ အလွမ်းတွေပြည့်

ဝေးနေလေ လွမ်းလေလေပါ့.........။

Wednesday, February 8, 2012

သစ္စာကို ဆက်လက်စိုက်ပျိုးခြင်း

   ***ဆုံတွေ့ကြခြင်းရဲ့ အဆုံးသက်က
 

         တစ်ခန်းရပ် ပြဇာတ်တစ်ပုဒ်လို တိုလျ
 

လမ်းခွဲချိန်   ခဏလေးမှာတောင်

အမှောင်ကျသွားတဲ့......  ငါ့ဘ၀ကို

ဘယ်လို......ရှင်သန်  ထမြောက်စေရမှာလဲ?



 ***မင်းပြောသွားတာတော့ လွယ်တယ်

"အနေဝေးရင် သွေးအေးသွားမယ်" ဟုတ်လား

ချစ်ခြင်းများစွာနဲ့ သမုဒယကြိုးတွေ

တသီတတန်းမို့ ယောင်ယန်းပြီး မင်းကို ငါ

အစမ်းချစ်ခဲ့တာ  မဟုတ်ဘူးလေ........


*** မေ့ဖို့ခက်နေတတ်တဲ့   ငါ့နှလုံးသားက

တစ်ခါတစ်ရံမဟုတ်ပဲ  အမြဲတမ်းမင်းကို
 

သတိရနေမိတော့ အလွမ်းနဲ့ဆော့ကစားရချိန်မှာ

မောဟိုက်လာတယ်..........

မင်း  ဘာကြောင့် ?

ကတိုက်   ကရိုက် ပြေးထွက်သွားတာလဲ  ?

***ဆွေးမြေ့ခြင်း ခရီးကြမ်းများကို

ငါအပန်းတကြီး လျှောက်လန်းဖို့

မင်းဖန်ဆင်းထားခဲ့ပေါ့

ဘာပဲဖြစ်ဖြစ်  ငါ့ဘက်က ချစ်ခြင်းအသင်္ချေပါပဲ



*** မင်းရက်စက်သွားခဲ့တယ် ဆိုရင်လဲ

ရက်စက်ခံလိုက်ရမှန်း မသိလောက်ရအောင်

ခပ်ညံ့ညံ့   နှလုံးသားက

အမုန်းတရားကို  မျက်ကွယ်ပြုရင်း 

အလွမ်းသီချင်းတွေ  အထပ်ထပ်ဆိုလို့

အချစ်အတွက်........

ငိုခဲ့တဲ့ မျက်ရည်တွေနဲ့

သစ္စာတွေ မအိုအောင်

ဆက်လက် စိုက်ပျိုးရှင်သန်နေမှာပါ...........။

                           
                                      Dနောင်ဖြိုး(ရွှေမန်းမြေ)

ကြယ်တစ်စင်း

*ဆွဲဖွင့်ပြမှ မြင်မှာလား

တကယ်ဆိုရင် ငါ့မျက်လုံးအစုံမှာ

ပန်းဘာသာနဲ့ ထွင်းထုထားတဲ့

ချစ်ခြင်း သင်္ကေတတွေကို

မှတ်ကျောက် ခတ်ဖို့တော့ လိုတာပေါ့….။

*တိတ်ဆိတ်ဆွံ့အခဲ့တာ

သတ္တိမဲ့လို့ မဟုတ်ဘူး

ငါသိမ်းစည်းထားတဲ့ ဘ၀ဟာ

အတောင်တွေ ရှိပါလျက်နဲ့

ပျံသန်းဖို့ ခက်တဲ့ ငှက်တစ်ကောင်မို့ပါ…..။

*ကံကြမ္မာဆိုတာကြီးက

ဘယ်လိုရန်ငြိုးတွေနဲ့များ

ချစ်တတ်တဲ့ နှလုံးသားကို

ပစ်ပေါက်ထဲ့ပေးခဲ့ရသလဲ…။

*လပြည့်ည လတစ်စင်းကို

မင်းတောင်းတခဲ့ဖူးပေမယ့်

ခပ်မှိန်မှိန် ကြယ်တစ်လုံးကို

မင်းမျှော်လင့်ခဲ့ဘူးရဲ့လား…..။

*ငါဟာ မင်းအပါးက

လင်းပြခွင့်မရတဲ့ ကြယ်တစ်စင်းပါ….။



Dနောင်ဖြိုး(ရွှေမန်းမြေ)


Friday, February 3, 2012

လွမ်းတိုင်း သီချင်းဆိုနေမယ်

*မ

သမုဒယမြစ်တစ်စင်း

ချိုမြိန်စွားစီးဆင်းဖို့


သီချင်းတစ်ပုဒ်ကိုဆိုရင်း

မိုးလင်းသွားခဲ့ရတဲ့ ညတွေ

များနေပြီ….

*မ

နှလုံးသားဗလာနဲ့

ညာမသွားခဲ့ကြေး

ထားသွားခဲ့မယ်ဆိုရင်

အရင်ဆုံး အချက်ပြပါ

တစ်ဘ၀စာအတွက်မို့

ရင်စို့နေခဲ့ရမှာက

ကျွန်တော်ပဲလေ..

*မ

ကျွန်တော်ရင်ခွင်မှာ

နှစ်မြုပ်….။

မ ..လွင့်ထုတ်လိုက်တဲ့

မြှားချက်တွေ တဒုတ်ဒုတ်နဲ့ပေါ့

ငုတ်တုပ်မေ့နေတဲ့ အသဲ

အလူးအလဲ ခံစား

ဆွေးမြေ့ချင်းများစွာနဲ့ ဘ၀ကို

ဘယ်လို လှပအောင် ရှေ့ဆက်ရမှာလဲ

*မ

မရဲ့အပြုံးတစ်ပွင့်နဲ့

ရွက်လွင့်ချင်တဲ့သူကို

အဆိပ်သင့် အလွမ်းဒဏ်နဲ့

မနက်ဖြန်များစွာ အသက်မဲ့အောင်

ရက်ဆက်ခဲ့ပြီလား?

*ဆုတောင်းတိုင်း မပြည့်လေတော့

ကျွန်တော်….

အလွမ်းမြို့တော်ကြီးမှာ

ယောင်ချာချာနဲ့ ကျန်ရစ်ကာ

“မ”အတွက်ချိုမြိန်ခဲ့မယ်ဆိုရင်

ကျွန်တော်ခြေထောက်တွေကို

အလွမ်းတွေနဲ့ ချည်နှောင်လို့

ကြယ်ရောင်ပျောက်တဲ့ ညတိုင်း

“အလွမ်းရဲ့ ည”သီချင်းကို

မိုးလင်းတဲ့ အထိ

ဆိုဖြစ်နေအုံးမယ်ထင်တယ်….

Dနောင်ဖြိုး(ရွှေမန်းမြေ)

***အစွန်းရောက်အတ္တ***

တနေရာဆီ ခြားလို့

တမင်တကာမေ့တာလား

အသက်ရှိသရွေ့

သံသရာရှည်သလောက်

ချစ်နေဦးမယ်

ဂုဏ်ဓနတွေ အရောင်ဆိုးလို့

မှောင်စပြုသော အချစ်တစ်ခုဟာ

ငါ့ အတွက်တော့

မနက်ဖြန်တိုင်း အလင်းတန်းပေးသော

နေရောင်ခြည်ပေါ့

အချစ်ကို  မကိုးကွယ်ပေးမယ့်

ဘ၀ရှိရင်  အချစ်ရှိမှ

ဖြတ်သန်းလို့ကောင်းတယ်

အချစ်နဲ့ စစ်မှာ မတရာတာမရှိ

မြင်ကတည်းက ချစ်

ရင်ထဲထိ အမြစ်တွယ်လေတော့

ဆွဲနှုပ်ဖို့ ခက်ပြီပေါ့....။

  
        Dနောင်ဖြိုး(ရွှေမန်းမြေ)

***ရင်နှင့် ရင်းတဲ့ရာသီ***

အလွမ်းတွေနဲ့ ဆုံစည်း ဝေးခဲ့တဲ့ ရာသီ

 
တစ်ကျော့ ချီလာပြန်ပြီနော်

ဆောင်းရဲ့ အငွေ့သက်ရတာနဲ့

လျော့ရဲတဲ့ တမ်းတမှု့တွေ ခေါင်းဆောင်လို့

မျှော်လင့်ချက်ဆိုတာ  အသက်ဆက်ကြိုးမို့

ဆန္ဒနှင့် ဘ၀ ဆန့်ကျင်ဘတ်ဖြစ်မှာဆိုးတယ်

ခွဲခွာရခြင်းမှာ  (ကျွန်တော်)ဆွေးရတယ်ဆို

ဘယ်တရားပါ့မလဲနော်

"ပြန်လာမယ်" ဆိုတဲ့ စကားတစ်ခွန်းကို

အဖန်ဖန်ကြားရောင်ရင်း

အလွမ်းသင့် နှလုံးသားက

မိုက်မဲစွာ ယုံကြည်နေချင်သေးတယ်

ဆုံစည်းခွင့်ဆိုတာ မရှိတော့ရင်လဲနေပါ

ရင်ထဲမှာ တစ်နေရာ ကိုယ့်အတွက်  ရှိခဲ့တယ်ဆိုရင်

နှင်းမကင်းတဲ့ ဆောင်းတွင်းတိုင်းမှာလဲ

အလွမ်းနှင့် မကင်းတဲ့ ချစ်ခြင်းတွေကို

မက်မောစွာ ထွေးပွေ့ ထားဦးမှာ

ရင်တစ်ခုလုံးရင်းပြီးတော့ပေါ့နော်.......................



Dနောင်ဖြိုး(ရွှေမန်းမြေ)

 

***ရှာဖွေခြင်း***

အချစ်မဲ့တဲ့နေ့ရက်တွေကို

ငါဘယ်လိုဖြတ်သန်းရမှာလဲ

ကံကြမ္မာနတ်ဆိုးဖန်တီးတဲ့

မရေရာတဲ့ငါ့ဘ၀ဟာ

ဝိညာဉ်မဲ့ပန်ချီကားတစ်ချပ်လို

ခြောက်ကပ်ကပ်နဲ့  အဓိပ္ပါယ်ကင်းမဲ့လွန်းတယ်

ငါ့ရဲ့ အကျဉ်းချ(ကျ) နှလုံးသားမှာလဲ

မျိုသိပ်ထားသမျှ ချစ်စိတ်တွေဟာ

နှစ်ချို့ဝိုင်တစ်ခွက်လောက်နဲ့

ဖြေဖျောက်လို့မရဘူး

သံစဉ်မဲ့တေးသွားတွေလဲ မကုစားနိုင်ဘူး

အချစ်မရှိတဲ့ ငါ့ဘ၀ဟာ

ကာရံမညီတဲ့ ကဗျာတစ်ပုဒ်

ဒါမှမဟုတ်ရင်

သံစဉ်ညှိမရတဲ့

ကြိုးပြတ်ဂစ်တာတစ်လက်လိုပါပဲ................။


Dနောင်ဖြိုး(ရွှေမန်းမြေ)

***ဒဏ်ရာမဲ့အနာ***

အစကတည်းက.........

မျက်ဝန်းအကြည့်ကို ဘာသာပြန်လွဲခဲ့တာ

ရင်ခုန်သံတွေ အဆိပ်တက်

နင်ထွက်သွားတဲ့ နောက်မှသိတယ်

ပြောပြခွင့်တောင် မရခဲ့ပါဘူး

မျှေလင့်ချက်တွေ တနင့်တပိုးနဲ့

တိုးတိုးတိတ်တိတ်ဆန္ဒတွေ

နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတွယ်တာမှု့တွေ

အလေးအမြတ်ထားခဲ့တဲ့ မြတ်နိုးမှု့တွေ

အပြာရောင်ဒိုင်ယာရီလေးထဲမှာ

တိတ်တစ်စိတ် ပျက်သုန်းလို့

နင်ကပဲ ဟန်ဆောင်ကောင်းခဲ့တာလား

ငါကပဲ ရိုးသားလွန်းခဲ့တာလား

ကျောချခံရတာတောင် ဓါးပြလို့ မယုံကြည်ခဲ့တော့

အားလုံပြီးဆုံးသွားတာတောင်

ရင်ထဲက ဒဏ်ရာတွေသွေးမတိက်ခဲ့ဘူး

မှန်ကွဲတစ်ချပ်လို ဘ၀ကို

အကောင်းအတိုင်းပြန်ဖြစ်စေဖို့

အိမ်မက်တွေနဲ့ဆက်ရင်း

မကျက်နိုင်သေးတဲ့ အနာအတွက်

မျက်ရည်တွေ တစ်စက်စက်ကျ

ရင်ကွဲခံခဲ့ရတာတောင်မှ

ခုချိန်ထိ............

အတိက်ကိုဖျောက်ဖျက်

ချစ်သူဘက်ကရှေ့ နေ

လိုက်ချင်သေးတယ်................။



Dနောင်ဖြိုး(ရွှေမန်းမြေ)

*** ရင်ခုန်စေသော တေးသံ***

ညတစ်ညရဲ့ အမှောင်ယံကို

ကျေးငှက်တို့  တေးဆိုလို့

နံနက်တိုင်းမှာ  နိုးခဲ့တယ်...........။

နေ၀န်းနီနီက  ရောင်ခြည်ဆမ်း

ခြေလှမ်းတွေနဲ့  ရှေ့ဆက်ဖို့

ဘ၀များစွာကို နိုးထစေခဲ့တယ်......။

ငယ်ရွယ်ချိန် အမှောင်ညကို

ရွယ်ပျိုချိန်က  မိုးသောက်အာရုဏ်တက်လို့

တေးသံလေးကို  နိုးထစေ

နေ၀န်းရဲ့ အလင်းတန်းကို ရှု့စားဖို့အရေး

တမ်းတညတွေ  ကြာခဲ့ရပေါ့........။

သန်းခေါင်ယံ ညထဲက  ကိုယ့်နှလုံသား

တေးသံ အချို့ ကြားခဲ့ရပြီလေ.......။

''နောင်'' အနာဂတ်အတွက်

အမှောင်ညထဲက  မခန့်မှန်းရဲခဲ့ဘူး

တေးသံသဲ့သဲ့ ကြားချိန်မှာတော့

နှလုံးသားကလဲ  မငြိမ်သက်ခဲ့ဘူး......။


ပန်းခြေလှမ်းတို့က တရွရွ

ခြယ်သလို့ ပြင်ဆင်

ရီမှုန်တဲ့ ညအထွက်လေးမှာတော့

ရင်ခုန်နေတဲ့ ဘ၀ဟာ

ကိုယ့်ဘ၀လေးပါပဲ သူငယ်ချင်းရယ်..........။


Dနောင်ဖြိုး  (ရွှေမန်းမြေ)

အမှတ်မထင်တဲ့ပုံပြင်

အမှတ်မထင်ဘဲ

နင်နဲ့ငါ ဆုံဖြစ်ခဲ့တယ်

အမှတ်မထင်ဘဲ

 နင်နဲ့ ငါခင်ခဲ့ကြတယ်

အမှတ်မထင်ဘဲ

နင်နဲ့ ငါ ချစ်ခဲ့ကြတယ်

အမှတ်မထင်ဘဲ


နင်နဲ့  ငါ  မသိသလိုနေခဲ့ကြတယ်

အမှတ်မထင်ဘဲ


ချစ်မိပြီဆိုကတည်းက

အမှတ်မထင်ဘဲ


သိခဲ့ရတယ်

 ရက်စွဲ မသေချာလို့

ဒဏ်ရာတွေကုသဆဲမှာ

လက်ပြနှုတ်မဆက်ဘဲ


အမှတ်မထင်နင်ထွက်ခွာသွားတော့

အမှတ်မထင်ဘဲ  ငါလွမ်းခဲ့ရတယ်

အမှတ်မထင်ဘဲ

ဒီအကြောင်းတွေကို

ကဗျာရေးခဲ့တယ်

တကယ်တော့ 

နင်နဲ့ ငါက အမှတ်မထင်သလိုပါဘဲ....။



            Dနောင်ဖြိုး (ရွှေမန်းမြေ)

Wednesday, February 1, 2012

ကြောက်စိတ်

အခြေနေတွေ  မပေးခဲ့လို့

အနေတွေဝေးခဲ့ ရပေမယ့်

ကျေအေးစရာ အဖြေတစ်ခုတော့

ကြားချင်မိခဲ့တယ်

နင်....ဟာ ငါ့ချစ်သူပါလို့

မဏ္ဍာပ်တိုင်တပ် ကြွားချင်ပေမယ့်

ပြိုင်ဘတ်တွေ များလာမှာကိုတော့

ကြောက်မိတယ်.....။

ဆိုင်သူမရှိတဲ့ နင့်ဘ၀ကို

ပိုင်သူဖြစ်ဖို့ တသသနဲ့

အမြဲတမ်းမျှော်လင့်ခဲ့တယ်

ခွဲခွါခြင်းဆိုတဲ့ ဝေါဟာရအောက်မှာ

တခဏတာ ဝေးခဲ့ရပေမယ့်

တဘ၀စာလောက်ဆွေးခဲ့ရတယ်

အလွမ်းရဲ့နေ့ရက်တွေကို

အကြမ်းတွေနဲ့ စေ့စပ်မထားချင်လို့

အနမ်းတွေနဲ့ ပွေ့ဖက်ထားခဲ့မိတယ်..။

အလွမ်းတွေသာ ပန်းပွင့်တွေဆိုရင်

မနမ်းရှိုက်ဘဲ  လမ်းက အမှိုက်ထဲ

ခြေမွပစ်လိုက်မှာ သေချာတယ်........။



Dနောင်ဖြိုး(ရွှေမန်းမြေ)

လွဲမှားမိုး

တိမ်တွေငိုနေတယ်ချစ်သူ

ငါ့ရင်ထဲက

ကွဲအက်ကြွေမွနေတဲ့

နှလုံးသားတွေနဲ့အတူပေါ့..။

မိုးတွေရွာနေချိန်

မိုးစက်တွေကြားမှာ စတင်ခဲ့တဲ့

ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဟာ

မိုးစက်တွေကြားမှာပဲ

အဆုံးသတ်ရတော့မှာလား....။

မဖြစ်နိုင်တော့တဲ့ ဘ၀နှစ်ခု

အခက်အခဲ အတားအဆီးတွေ

များလွန်းတဲ့ ဘ၀နှစ်ခု

သြော်...................

ဒို့နှစ်ယောက်ရဲ့  ချစ်ဇာတ်လမ်းလေး

အဆုံးသတ်ရတော့မှာလား..........။

ဇာတ်လမ်းမှန်ရင်

အဆုံးသတ်ဆိုတာ ရှိမြဲပေါ့ချစ်သူ

ဒို့နှစ်ယောက်ရဲ့  ချစ်ဇာတ်လမ်းလေး

ပျော်ရွှင်မှုတွေနဲ့  အဆုံးမသတ်ခဲ့ပေမယ့်

အမုန်းတွေမပါ

နားလည်မှုတွေ (ကိုယ်စီ) နှင့်သာ

အဆုံးသတ်ခဲ့တာမို့

တစ်မျိုးတော့ကြည်နှုးမိပါရဲ့...........။

ဒါပေမယ့်

ငါ့ရင်ထဲက

ဘယ်သူမှမမြင်နိုင်တဲ့

ငါ့နှလုံးသားကတော့

ကွဲအက်ကြွေမွနေလျှက်

လူမသိသူမသိ

တိက်ဆိတ်ငိုကြွေးနေလျှက်

တိမ်ညိုတွေနဲ့  အတူပေါ့ချစ်သူ........။

သေခြာပါတယ်

တိမ်တွေပြိုတိုင်း

ငိုမိဦးမှာ

နှုတ်ဆက်ပါတယ်

ချစ်သူရယ်

မင်းဘ၀လေး

သာယာချမ်းမြေ့ပါစေ............။


Dနောင်ဖြိုး

အမြဲစိမ်းအချစ်

ဘ၀အမောတွေကြားမှာ 

မပြေလည်ခြင်းများစွာနဲ့

နားလည်ရင်းခင်မင်ရင်းနှီးခဲ့တယ်

ပျော်ရွှင်ခြင်း တဒင်္ဂရလိုက်

အလွမ်းများစွာ  ရလိုက်နှင့်

မွန်းကြပ်စွာ ရှင်သန်ခဲ့ရတယ်နော်.........။

ဒါပေမယ့်လေ.........

ဘယ်အချိန်တွေ့တွေ့

ချစ်မျက်ဝန်းတစ်စုံနဲ့

အချိုဆုံး အပြုံးကိုယ်စီ

ရင်ခုန်သံတွေ တူညီတာတွေ

ဒို့နှစ်ယောက်မှာ ရှိခဲ့ကြတယ်နော်...........။

ဒါတွေဟာ

တသက်စာ မေတ္တာတွေမို့

ဘ၀မုန်တိုင်း လေအပင့်မှာ

ဆုံနိုင်ခွင့်ရအောင်

အားတင်းလို့ "ဆက်ပြုံး"

မခွဲစတမ်း ခင်မင်ချင်တယ်.......။


Dနောင်ဖြိုး