သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်
Wednesday, September 26, 2012
****မလွမ်းပါနဲ့ နီနီးလေးခဏလေးကို ပေဆပ်လို့ပျော်လိုက်****
ချစ်တယ်မလွမ်းချင်ဘူး
ချစ်တယ် မဆွေးချင်ဘူး
ချစ်တယ် မနာကျင်ချင်ဘူး
ချစ်တယ် မရူးချင်ဘူး
ဒါပေမယ့်လေ
ချစ်သူတိုင်းပြည့်စုံနေတာ ဒီအတိုင်း
ချစ်သူတိုင်းရနေတာ ဒီအတိုင်း။
တကယ့်ချစ်သူခဏခွဲ
တကယ့်ချစ်သူခဏ ကွဲ
ဝေးရပ်တစ်နေရာဆီ
နားလည်ပါတယ်ချစ်သူ
နားလည်ပါကွယ်ချစ်သူ
ဘာလုပ်လုပ်အရှုပ်မလုပ်ဘူး
နီးစပ်ဖို့အတွက် အလုပ်ကပျော်စရာ
အားကုန်ရုန်းရင်းပြုံးလို့ပျော်
တသက်မခွဲဖို့ခဏတွေကိုပေးဆပ်
တစ်ယောက်အချစ်တစ်ယောက်ရင်ကိုအပ်လို့
သစ္စာလမ်းပေါ်မှာ ခဏခွဲကျမယ်
တူပျော်တဲ့အချစ်
ဝေးနေရင်း မျော်ရင်းပျော်မယ့်အချစ်
ချစ်သူရေ .....သိစေ
ဒို့တွေဘယ်လောက်ဝေးဝေး
အနှီးဆုံးအချစ်ကို ခံစားရင်း
အားပေးတဲ့အချစ်က အားဆေးပါပဲ
ဝေးလေတိုင်းပြောခဲ့မယ်ချစ်သူ
အချစ်စစ်ဆိုတာ.......
ဘယ်တော့မှမသေဘူး
အချစ်စစ်ဆိုတာ
ဘယ်တော့မှမဝေးဘူးကွယ်...။
No comments:
Post a Comment