သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, February 1, 2012

အမြဲစိမ်းအချစ်

ဘ၀အမောတွေကြားမှာ 

မပြေလည်ခြင်းများစွာနဲ့

နားလည်ရင်းခင်မင်ရင်းနှီးခဲ့တယ်

ပျော်ရွှင်ခြင်း တဒင်္ဂရလိုက်

အလွမ်းများစွာ  ရလိုက်နှင့်

မွန်းကြပ်စွာ ရှင်သန်ခဲ့ရတယ်နော်.........။

ဒါပေမယ့်လေ.........

ဘယ်အချိန်တွေ့တွေ့

ချစ်မျက်ဝန်းတစ်စုံနဲ့

အချိုဆုံး အပြုံးကိုယ်စီ

ရင်ခုန်သံတွေ တူညီတာတွေ

ဒို့နှစ်ယောက်မှာ ရှိခဲ့ကြတယ်နော်...........။

ဒါတွေဟာ

တသက်စာ မေတ္တာတွေမို့

ဘ၀မုန်တိုင်း လေအပင့်မှာ

ဆုံနိုင်ခွင့်ရအောင်

အားတင်းလို့ "ဆက်ပြုံး"

မခွဲစတမ်း ခင်မင်ချင်တယ်.......။


Dနောင်ဖြိုး

No comments:

Post a Comment