သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, January 30, 2012

***ချစ်ခြင်းဖွဲ့ ကဗျာ***

ခင်မင်မှု့နဲ့  ဖုံးကွယ်နေတဲ့

မမြင်ရတဲ့…….  အချစ်

လူမသိ သူမသိ

တစ်စတစ်စ တိုးတိုးလာတယ်

တစ်နေ့  တစ်နေ့

မင်းမျက်နှာလေး ငေးကြည့်လိုက်

မင်းစေတနာလေးစားသုံးလိုက်နဲ့

ဘ၀……ဟာ

တက်မက်စဖွယ်  အဓိပ္ပါယ်ရှိသလိုလို

မင်းမရှိတဲ့နေ့မှာ

ငါ့ အချစ် ငါ့အဖြစ်မှာ

ခု……အဝေးကို မျောလွင့်သွားနေတဲ့

သစ်ရွက်လေးဟာ

ကိုယ့်နာမည်နဲ့ပါ အချစ်

ခုတလော

တိုက်ဆိုင်သွားတဲ့ ခဏလေးတိုင်း

ငါ့စိတ်တွေက

မင်းရနံ့လေးကို ဖွင့်နားထောင်တယ်

အချစ်တစ်ခုအတွက် ဒုက္ခကို

အလျားလိုက် မြိုချနေရလေသောငါ

အဲဒီတစ်ငွေ့ငွေ့ ဖွဲမီးတွေမှာ

ပင်လယ်ကြီးတစ်ခုအဖြစ်နဲ့ တစ်အိအိနစ်မြုပ်လုပြီပေါ့

မိုးရေစက်တွေ ဝေးကွာပြီး

နေမင်းစိုးမိုးတဲ့ ခုချိန်မှာ

ပူလောင် အိုက်စက်စက်နဲ့

အနေခက်တဲ့ သူတစ်ဦးလို

မင်းနဲ့ ဝေးကွာ

တစ်နေရာမှာ ရောက်နေတဲ့ ကိုယ်

အနေခက်ရုံမက

နေဆယ်စင်းထွက်လို့

နှလုံးသားလေး အရည်ပျော်ခဲ့ရပြီ

ကံကြမ္မာက  ဆုံစည်းမှုတွေတော့ပေးပြီး

အကြင်နာ အပြည့် အချစ်နဲ့

ပေါင်းဖတ်ဖို့ ဒို့နှစ်ဦးကို

ဘာကြောင့် ခွင့်မပြုခဲ့တာလဲ………………..။



Dနောင်ဖြိုး(ရွှေမန်းမြေ)

No comments:

Post a Comment