သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, September 30, 2012

***မောင့် လမင်းလေးသိစေချင်****



အမှောင်တွေ ချော့သိပ်

တိတ်ဆိတ်တဲ့ညချမ်းတွေမှာ

ငါအိပ်စက်ရင် အေးချမ်းခဲ့

အရိပ်မထင် အရောင်မပြ

အမှောင်ညတွေထဲ

ကန်ရေပြင်မှာ

ဘယ်အလှမှလဲ

မသိမ်းဆည်းခဲ့

ဘယ်အလှမှလဲ

မတိုးဝင်ခဲ့

ရိုးရှင်းတဲ့  ညတွေတဲ့လား.....?

ဒီတိုင်းလေးပဲ ရှိခဲ့

ဒီတိုင်းလေးပဲပြန်ရခဲ့

ဘာမှမဆန်းပေမယ့်

လွမ်းစရာဖြစ်ခဲ့တယ်

လမင်းဖြတ်လျောက်တဲ့   ညလေးရယ်...။

အလင်းပြလို့ ဖြတ်လျောက်တဲ့လမင်း

အလင်းလေးလို သိမ်းပိုက်မိတဲ့ရင်ခွင်

အထိအရှ အရမ်းလှတဲ့  အဲဒီခဏ

အချစ်တို့ ပြည့်စုံတဲ့ညတဲ့လား.....?

ငါဘ၀ဟာ အရင်တိုင်းပဲ အမှောင်ည

အရင်တိုင်းဆိုပေမယ့်ငါ့ဘဝ

အမှောင်ညတွေမှာ

လွမ်းချင်းတစ်ခု တမ်းတမှုတွေပိုခဲ့တယ်

သိစေချင်တယ်

မောင့် လမင်းလေးရယ်......
 
 
                                     ဝီရဆည်းဆာ

No comments:

Post a Comment