သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, February 1, 2012

လွဲမှားမိုး

တိမ်တွေငိုနေတယ်ချစ်သူ

ငါ့ရင်ထဲက

ကွဲအက်ကြွေမွနေတဲ့

နှလုံးသားတွေနဲ့အတူပေါ့..။

မိုးတွေရွာနေချိန်

မိုးစက်တွေကြားမှာ စတင်ခဲ့တဲ့

ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဟာ

မိုးစက်တွေကြားမှာပဲ

အဆုံးသတ်ရတော့မှာလား....။

မဖြစ်နိုင်တော့တဲ့ ဘ၀နှစ်ခု

အခက်အခဲ အတားအဆီးတွေ

များလွန်းတဲ့ ဘ၀နှစ်ခု

သြော်...................

ဒို့နှစ်ယောက်ရဲ့  ချစ်ဇာတ်လမ်းလေး

အဆုံးသတ်ရတော့မှာလား..........။

ဇာတ်လမ်းမှန်ရင်

အဆုံးသတ်ဆိုတာ ရှိမြဲပေါ့ချစ်သူ

ဒို့နှစ်ယောက်ရဲ့  ချစ်ဇာတ်လမ်းလေး

ပျော်ရွှင်မှုတွေနဲ့  အဆုံးမသတ်ခဲ့ပေမယ့်

အမုန်းတွေမပါ

နားလည်မှုတွေ (ကိုယ်စီ) နှင့်သာ

အဆုံးသတ်ခဲ့တာမို့

တစ်မျိုးတော့ကြည်နှုးမိပါရဲ့...........။

ဒါပေမယ့်

ငါ့ရင်ထဲက

ဘယ်သူမှမမြင်နိုင်တဲ့

ငါ့နှလုံးသားကတော့

ကွဲအက်ကြွေမွနေလျှက်

လူမသိသူမသိ

တိက်ဆိတ်ငိုကြွေးနေလျှက်

တိမ်ညိုတွေနဲ့  အတူပေါ့ချစ်သူ........။

သေခြာပါတယ်

တိမ်တွေပြိုတိုင်း

ငိုမိဦးမှာ

နှုတ်ဆက်ပါတယ်

ချစ်သူရယ်

မင်းဘ၀လေး

သာယာချမ်းမြေ့ပါစေ............။


Dနောင်ဖြိုး

No comments:

Post a Comment