သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday, January 14, 2012

သုံးရာသီဝတ်ရုံ




အမေ့မေတ္တာ
စမ်းသီတာကား
 
ပူကာပြင်းလှ
 
နွေနေ့ ညခင်း
 
အေးမြသင်း၏…။
 
အမေ့မေတ္တာ
 
ဝတ်ရုံလွှာကား
 
မိုးခါ လေပြင်း
 
မာန်ဟုန်ခင်းလည်း
 
ဘေးကင်းစေ၏….။
 
အမေ့မေတ္တာ
 
ကမ္ဗလာကား
 
ဆောင်းခါ နှင်းစက်
 
သူဝင်ပတ်လည်း
 
နွေးဓါတ်မျှ၏….။
 
ဥတု သုံးလီ
 
ချိန်ရာသီဝယ်
 
မြဲတည်လှပ
 
သစ်လွင်လှသည့်
 
အမေ့မေတ္တာ
 
ဝတ်ရုံလွှာသည်
 
ပုတ္တာရင်သွေး
 
လုံခြုံပေး၏….။
 

ပြာသိုလ်လပြည့် အမေ့နေ့ အမှတ်တရ


 
အရိပ်(တန့်ဆည်)

No comments:

Post a Comment