သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, February 1, 2012

ကြောက်စိတ်

အခြေနေတွေ  မပေးခဲ့လို့

အနေတွေဝေးခဲ့ ရပေမယ့်

ကျေအေးစရာ အဖြေတစ်ခုတော့

ကြားချင်မိခဲ့တယ်

နင်....ဟာ ငါ့ချစ်သူပါလို့

မဏ္ဍာပ်တိုင်တပ် ကြွားချင်ပေမယ့်

ပြိုင်ဘတ်တွေ များလာမှာကိုတော့

ကြောက်မိတယ်.....။

ဆိုင်သူမရှိတဲ့ နင့်ဘ၀ကို

ပိုင်သူဖြစ်ဖို့ တသသနဲ့

အမြဲတမ်းမျှော်လင့်ခဲ့တယ်

ခွဲခွါခြင်းဆိုတဲ့ ဝေါဟာရအောက်မှာ

တခဏတာ ဝေးခဲ့ရပေမယ့်

တဘ၀စာလောက်ဆွေးခဲ့ရတယ်

အလွမ်းရဲ့နေ့ရက်တွေကို

အကြမ်းတွေနဲ့ စေ့စပ်မထားချင်လို့

အနမ်းတွေနဲ့ ပွေ့ဖက်ထားခဲ့မိတယ်..။

အလွမ်းတွေသာ ပန်းပွင့်တွေဆိုရင်

မနမ်းရှိုက်ဘဲ  လမ်းက အမှိုက်ထဲ

ခြေမွပစ်လိုက်မှာ သေချာတယ်........။



Dနောင်ဖြိုး(ရွှေမန်းမြေ)

No comments:

Post a Comment