*မ
သမုဒယမြစ်တစ်စင်း
ချိုမြိန်စွားစီးဆင်းဖို့
သီချင်းတစ်ပုဒ်ကိုဆိုရင်း
မိုးလင်းသွားခဲ့ရတဲ့ ညတွေ
များနေပြီ….
*မ
နှလုံးသားဗလာနဲ့
ညာမသွားခဲ့ကြေး
ထားသွားခဲ့မယ်ဆိုရင်
အရင်ဆုံး အချက်ပြပါ
တစ်ဘ၀စာအတွက်မို့
ရင်စို့နေခဲ့ရမှာက
ကျွန်တော်ပဲလေ..
*မ
ကျွန်တော်ရင်ခွင်မှာ
နှစ်မြုပ်….။
မ ..လွင့်ထုတ်လိုက်တဲ့
မြှားချက်တွေ တဒုတ်ဒုတ်နဲ့ပေါ့
ငုတ်တုပ်မေ့နေတဲ့ အသဲ
အလူးအလဲ ခံစား
ဆွေးမြေ့ချင်းများစွာနဲ့ ဘ၀ကို
ဘယ်လို လှပအောင် ရှေ့ဆက်ရမှာလဲ
*မ
မရဲ့အပြုံးတစ်ပွင့်နဲ့
ရွက်လွင့်ချင်တဲ့သူကို
အဆိပ်သင့် အလွမ်းဒဏ်နဲ့
မနက်ဖြန်များစွာ အသက်မဲ့အောင်
ရက်ဆက်ခဲ့ပြီလား?
*ဆုတောင်းတိုင်း မပြည့်လေတော့
ကျွန်တော်….
အလွမ်းမြို့တော်ကြီးမှာ
ယောင်ချာချာနဲ့ ကျန်ရစ်ကာ
“မ”အတွက်ချိုမြိန်ခဲ့မယ်ဆိုရင်
ကျွန်တော်ခြေထောက်တွေကို
အလွမ်းတွေနဲ့ ချည်နှောင်လို့
ကြယ်ရောင်ပျောက်တဲ့ ညတိုင်း
“အလွမ်းရဲ့ ည”သီချင်းကို
မိုးလင်းတဲ့ အထိ
ဆိုဖြစ်နေအုံးမယ်ထင်တယ်….
Dနောင်ဖြိုး(ရွှေမန်းမြေ)
No comments:
Post a Comment