သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, February 8, 2012

သစ္စာကို ဆက်လက်စိုက်ပျိုးခြင်း

   ***ဆုံတွေ့ကြခြင်းရဲ့ အဆုံးသက်က
 

         တစ်ခန်းရပ် ပြဇာတ်တစ်ပုဒ်လို တိုလျ
 

လမ်းခွဲချိန်   ခဏလေးမှာတောင်

အမှောင်ကျသွားတဲ့......  ငါ့ဘ၀ကို

ဘယ်လို......ရှင်သန်  ထမြောက်စေရမှာလဲ?



 ***မင်းပြောသွားတာတော့ လွယ်တယ်

"အနေဝေးရင် သွေးအေးသွားမယ်" ဟုတ်လား

ချစ်ခြင်းများစွာနဲ့ သမုဒယကြိုးတွေ

တသီတတန်းမို့ ယောင်ယန်းပြီး မင်းကို ငါ

အစမ်းချစ်ခဲ့တာ  မဟုတ်ဘူးလေ........


*** မေ့ဖို့ခက်နေတတ်တဲ့   ငါ့နှလုံးသားက

တစ်ခါတစ်ရံမဟုတ်ပဲ  အမြဲတမ်းမင်းကို
 

သတိရနေမိတော့ အလွမ်းနဲ့ဆော့ကစားရချိန်မှာ

မောဟိုက်လာတယ်..........

မင်း  ဘာကြောင့် ?

ကတိုက်   ကရိုက် ပြေးထွက်သွားတာလဲ  ?

***ဆွေးမြေ့ခြင်း ခရီးကြမ်းများကို

ငါအပန်းတကြီး လျှောက်လန်းဖို့

မင်းဖန်ဆင်းထားခဲ့ပေါ့

ဘာပဲဖြစ်ဖြစ်  ငါ့ဘက်က ချစ်ခြင်းအသင်္ချေပါပဲ



*** မင်းရက်စက်သွားခဲ့တယ် ဆိုရင်လဲ

ရက်စက်ခံလိုက်ရမှန်း မသိလောက်ရအောင်

ခပ်ညံ့ညံ့   နှလုံးသားက

အမုန်းတရားကို  မျက်ကွယ်ပြုရင်း 

အလွမ်းသီချင်းတွေ  အထပ်ထပ်ဆိုလို့

အချစ်အတွက်........

ငိုခဲ့တဲ့ မျက်ရည်တွေနဲ့

သစ္စာတွေ မအိုအောင်

ဆက်လက် စိုက်ပျိုးရှင်သန်နေမှာပါ...........။

                           
                                      Dနောင်ဖြိုး(ရွှေမန်းမြေ)

No comments:

Post a Comment