သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, February 3, 2012

***ရှာဖွေခြင်း***

အချစ်မဲ့တဲ့နေ့ရက်တွေကို

ငါဘယ်လိုဖြတ်သန်းရမှာလဲ

ကံကြမ္မာနတ်ဆိုးဖန်တီးတဲ့

မရေရာတဲ့ငါ့ဘ၀ဟာ

ဝိညာဉ်မဲ့ပန်ချီကားတစ်ချပ်လို

ခြောက်ကပ်ကပ်နဲ့  အဓိပ္ပါယ်ကင်းမဲ့လွန်းတယ်

ငါ့ရဲ့ အကျဉ်းချ(ကျ) နှလုံးသားမှာလဲ

မျိုသိပ်ထားသမျှ ချစ်စိတ်တွေဟာ

နှစ်ချို့ဝိုင်တစ်ခွက်လောက်နဲ့

ဖြေဖျောက်လို့မရဘူး

သံစဉ်မဲ့တေးသွားတွေလဲ မကုစားနိုင်ဘူး

အချစ်မရှိတဲ့ ငါ့ဘ၀ဟာ

ကာရံမညီတဲ့ ကဗျာတစ်ပုဒ်

ဒါမှမဟုတ်ရင်

သံစဉ်ညှိမရတဲ့

ကြိုးပြတ်ဂစ်တာတစ်လက်လိုပါပဲ................။


Dနောင်ဖြိုး(ရွှေမန်းမြေ)

No comments:

Post a Comment