သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, January 30, 2012

***ချစ်ခြင်းဖွဲ့ ကဗျာ***

ခင်မင်မှု့နဲ့  ဖုံးကွယ်နေတဲ့

မမြင်ရတဲ့…….  အချစ်

လူမသိ သူမသိ

တစ်စတစ်စ တိုးတိုးလာတယ်

တစ်နေ့  တစ်နေ့

မင်းမျက်နှာလေး ငေးကြည့်လိုက်

မင်းစေတနာလေးစားသုံးလိုက်နဲ့

ဘ၀……ဟာ

တက်မက်စဖွယ်  အဓိပ္ပါယ်ရှိသလိုလို

မင်းမရှိတဲ့နေ့မှာ

ငါ့ အချစ် ငါ့အဖြစ်မှာ

ခု……အဝေးကို မျောလွင့်သွားနေတဲ့

သစ်ရွက်လေးဟာ

ကိုယ့်နာမည်နဲ့ပါ အချစ်

ခုတလော

တိုက်ဆိုင်သွားတဲ့ ခဏလေးတိုင်း

ငါ့စိတ်တွေက

မင်းရနံ့လေးကို ဖွင့်နားထောင်တယ်

အချစ်တစ်ခုအတွက် ဒုက္ခကို

အလျားလိုက် မြိုချနေရလေသောငါ

အဲဒီတစ်ငွေ့ငွေ့ ဖွဲမီးတွေမှာ

ပင်လယ်ကြီးတစ်ခုအဖြစ်နဲ့ တစ်အိအိနစ်မြုပ်လုပြီပေါ့

မိုးရေစက်တွေ ဝေးကွာပြီး

နေမင်းစိုးမိုးတဲ့ ခုချိန်မှာ

ပူလောင် အိုက်စက်စက်နဲ့

အနေခက်တဲ့ သူတစ်ဦးလို

မင်းနဲ့ ဝေးကွာ

တစ်နေရာမှာ ရောက်နေတဲ့ ကိုယ်

အနေခက်ရုံမက

နေဆယ်စင်းထွက်လို့

နှလုံးသားလေး အရည်ပျော်ခဲ့ရပြီ

ကံကြမ္မာက  ဆုံစည်းမှုတွေတော့ပေးပြီး

အကြင်နာ အပြည့် အချစ်နဲ့

ပေါင်းဖတ်ဖို့ ဒို့နှစ်ဦးကို

ဘာကြောင့် ခွင့်မပြုခဲ့တာလဲ………………..။



Dနောင်ဖြိုး(ရွှေမန်းမြေ)

***ဒဏ်ရာမဲ့အနာ***


အစကတည်းက………

မျက်ဝန်းအကြည့်ကို ဘာသာပြန်လွဲခဲ့တာ

ရင်ခုန်သံတွေ အဆိပ်တက်

နင်ထွက်သွားတဲ့ နောက်မှသိတယ်

ပြောပြခွင့်တောင် မရခဲ့ပါဘူး

မျှော်လင့်ချက်တွေ တနင့်တပိုးနဲ့

တိုးတိုးတိတ်တိတ်ဆန္ဒတွေ

နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတွယ်တာမှု့တွေ

အလေးအမြတ်ထားခဲ့တဲ့ မြတ်နိုးမှု့တွေ

အပြာရောင်ဒိုင်ယာရီလေးထဲမှာ

တိတ်တစ်စိတ် ပျက်သုန်းလို့

နင်ကပဲ ဟန်ဆောင်ကောင်းခဲ့တာလား

ငါကပဲ ရိုးသားလွန်းခဲ့တာလား

ကျောချခံရတာတောင် ဓါးပြလို့ မယုံကြည်ခဲ့တော့

အားလုံပြီးဆုံးသွားတာတောင်

ရင်ထဲက ဒဏ်ရာတွေသွေးမတိက်ခဲ့ဘူး

မှန်ကွဲတစ်ချပ်လို ဘ၀ကို

အကောင်းအတိုင်းပြန်ဖြစ်စေဖို့

အိမ်မက်တွေနဲ့ဆက်ရင်း

မကျက်နိုင်သေးတဲ့ အနာအတွက်

မျက်ရည်တွေ တစ်စက်စက်ကျ

ရင်ကွဲခံခဲ့ရတာတောင်မှ

ခုချိန်ထိ…………

အတိက်ကိုဖျောက်ဖျက်

ချစ်သူဘက်ကရှေ့ နေ

လိုက်ချင်သေးတယ်…………….။


Dနောင်ဖြိုး(ရွှေမန်းမြေ)

***ရှာဖွေခြင်း***

အချစ်မဲ့တဲ့နေ့ရက်တွေကို

ငါဘယ်လိုဖြတ်သန်းရမှာလဲ

ကံကြမ္မာနတ်ဆိုးဖန်တီးတဲ့

မရေရာတဲ့ငါ့ဘ၀ဟာ
 
ဝိညာဉ်မဲ့ပန်ချီကားတစ်ချပ်လို

ခြောက်ကပ်ကပ်နဲ့  အဓိပ္ပါယ်ကင်းမဲ့လွန်းတယ်

ငါ့ရဲ့ အကျဉ်းချ(ကျ) နှလုံးသားမှာလဲ

မျိုသိပ်ထားသမျှ ချစ်စိတ်တွေဟာ

နှစ်ချို့ဝိုင်တစ်ခွက်လောက်နဲ့

ဖြေဖျောက်လို့မရဘူး

သံစဉ်မဲ့တေးသွားတွေလဲ မကုစားနိုင်ဘူး

အချစ်မရှိတဲ့ ငါ့ဘ၀ဟာ

ကာရံမညီတဲ့ ကဗျာတစ်ပုဒ်

ဒါမှမဟုတ်ရင်

သံစဉ်ညှိမရတဲ့

ကြိုးပြတ်ဂစ်တာတစ်လက်လိုပါပဲ…………….။



Dနောင်ဖြိုး(ရွှေမန်းမြေ)




♥ရင်နာလှတဲ့ ဒီဇင်ဘာ♥

          တဖွဲဖွဲကျနေတဲ့ နှင်းတွေကြား

ကွဲကျေနေတဲ့ နှလုံးသားတစ်ခုနဲ့

မျက်ရည်တွေပြည့်နေတဲ့ မျက်ဝန်းတစ်စုံကို

ပိုင်ဆိုင်ထားတဲ့ ငါ့အတွက်

ကောကမှာ နေရတာထက်

သေရတာက

ပိုကောင်းပါလိမ့်မယ် ချစ်သူ

နှလုံးသားမှာ ဒဏ်ရာဖလပွနဲ့

ပြန်မထနိုင်တဲ့ ငါ့ကိုမှ

မီးလောင်နာကို ရေနွေးပူလောင်းသလို

ဒီဇင်ဘာရဲ့ အလှတန်ဆာ

နှင်းပွင့်ဆိုတဲ့ မြူမှုန်တွေက

တကိုယ်လုံးကို ဖုံးလွမ်းသွားခဲ့တယ်

ရင်နာတဲ့ ဒီဇင်ဘာမှာ

အကြင်နာဆိုတဲ့ အရာကိုတောင်

မပေးချင်တဲ့ မင်းကိုမှ

ဘာကြောင့် မေ့လို့မရတာလဲ?

ချမ်းအေးလှတဲ့ ဒီဇင်ဘာမှာ

အလှမ်းဝေးလှတဲ့ ချစ်သူ ကိုယ်လေး

မရှိတဲ့ ငါ့အတွက်တော့

ရင်ခွင်မှာ ဆင်ဝပ်နင်းလဲ

ယဉ်ယဉ်လေးပဲ ခံယူလိုက်ပါ့မယ် အချစ်ရယ်….။



         Dနောင်ဖြိုး

နှလုံးသားဈာပနပွဲ

အချစ်ရေ

ငါလိုကောင်ကလဲ

မင်းလိုပါပဲ
 
နှလုံးသားတည်းက လူတစ်ယောက်ပါ

နှစ်လုံးသားတစ်ခုလောက်တော့ ရှိမှာပေါ့

နှလုံးသား ရှိလို့လဲ  အချစ်ရှိတယ်

ချစ်တတ်တယ်  ချစ်ချင်တယ်

ချစ်မိတယ်

ဒါပေမယ့်  အချစ်ရယ်

မတော်တဲ့  ဘ၀နဲ့   ချစ်ခဲ့မိလို့

ခနော်ခနဲ့ စကားကျေဉ်တွေနဲ့

တအားဝေဖန်ပြစ်လိုက်ကြတော့

အလွမ်းဖြစ်မယ့် အချစ်တွေနဲ့

အရမ်းပစ်တဲ့  ကျဉ်တွေရဲ့ ကြားမှာ

ငါ့နှလုံးသားကို
 
မီးတိုက်သဂြိုဟ်ထားလိုက်ပြီ………။



Dနောင်ဖြိုး(ရွှေမန်းမြေ)

လယ်သမား

ကြေကွဲခြင်းတွေပဲ

ဖြစ်ထွန်းခဲ့တဲ့

နှလုံးသားလယ်ကွက်

ဘယ်သူလာလို့

ပေါင်းရှင်းပေးမှာလဲ

စိုက်ပျိုးခဲ့တဲ့

ချစ်သစ်ပင်တွေလဲ

သမုဒယမိုးခေါင်ခဲ့လို့

လွမ်းဆွေးမှုသစ်ပင်တွေကြားမှာပဲ

ငုံနေခဲ့ပြန်တယ်

အပြုံးမိုးဖွဲလေးတွေ

စေကာလွတ်

ရွာမလိုဟန်ပြင်

ဒါကိုပင်……..

အဟုတ်ထင်ပြီး

စိုက်ပျိုးမိခဲ့တာပါ……။


Dနောင်ဖြိုး(ရွှေမန်းမြေ)

Saturday, January 14, 2012

အမေ့မျက်နှာ



ရေးလိုက်တိုင်း စာတွေဖြစ်


တွေးလိုက်တိုင်း အမေ့ဆီရောက်


ဝေးကွာခဲ့တာ သုံးနှစ် သုံးမိုး


သားရင်မှာ  ခေတ္တလေး


အမေ့ကိုလွမ်း ရာထောင်ချီလေး


ညဘက်မှာဆို အမေချော့သိပ်တဲ့တေးသံ


သတိရတိုင်း ကြားရောင်မိ


အမေ့ကိုပဲ မြင်ချင်၏ ။


အမေ့သွေး   အေးမြ၏


လောကတရား အလွန်ဆန်းပြား


လောကဓံကို တွန်းလှန်


ဒုက္ခကို  ပမာမပြု


ကျမျက်ရည်  ခြေမဆေး


ကရုဏာတွေပေး


မေတ္တာရေ ချောင်းဖြစ်လို့


သားရဲ့သွေးထဲ စီးဆင်း


နဖူးကချွေး  ခြေမဆင်း။


သုံးရာသီဝတ်ရုံ




အမေ့မေတ္တာ
စမ်းသီတာကား
 
ပူကာပြင်းလှ
 
နွေနေ့ ညခင်း
 
အေးမြသင်း၏…။
 
အမေ့မေတ္တာ
 
ဝတ်ရုံလွှာကား
 
မိုးခါ လေပြင်း
 
မာန်ဟုန်ခင်းလည်း
 
ဘေးကင်းစေ၏….။
 
အမေ့မေတ္တာ
 
ကမ္ဗလာကား
 
ဆောင်းခါ နှင်းစက်
 
သူဝင်ပတ်လည်း
 
နွေးဓါတ်မျှ၏….။
 
ဥတု သုံးလီ
 
ချိန်ရာသီဝယ်
 
မြဲတည်လှပ
 
သစ်လွင်လှသည့်
 
အမေ့မေတ္တာ
 
ဝတ်ရုံလွှာသည်
 
ပုတ္တာရင်သွေး
 
လုံခြုံပေး၏….။
 

ပြာသိုလ်လပြည့် အမေ့နေ့ အမှတ်တရ


 
အရိပ်(တန့်ဆည်)

သားသမီးတို့သိစေချင်




မဖိတ်မခေါ်-အရိပ်ပေါ်လို့


ဖိတ်ခေါ်ထင်မှား-အမိပါးသို့


အားကိုးကြီးမား-၀င်လာငြားသည့်


အို….သားငယ်သမီးငယ်……….။


အရိပ်ဝင်ခို-အနှစ်မျိုလို့


နုပျိုသစ်လွင်-ခနာစဉ်တို့


ပြင်ဆဲခဏ-ဇရာထကာ


မလှရုပ်သွင်-ဖြစ်ပျက်မြင်သော်


မထင်အောက်မေ့-ဘ၀မေ့ကာ


အမေ့ပါးမှ-ဝေးလှကွာခြား


ရပ်တစ်ပါးသို့-လိုရာထုပ်ပိုး


အကိုင်းချိုးလျှက်-မကိုးထွက်သော်


နေပူကြဲကြဲ-ကန္တာထဲဝယ်


လဲကျပျက်ပြို-သစ်ပင်အိုသို့


အမေအိုမှာ-တွယ်ရာကင်းမဲ့


ကျန်ခဲ့ရပြီတကား…..။
                                         


                                         အရိပ်(တန့်ဆည်)

အမေ့ အမွေ



အမေ…


အမေ့မှာ


ပစ္စည်းဥစ္စာ မရှိဘူး


 သို့သော်....


သားအတွက် မလိုအပ်ပါဘူး


အမေ...

အမေ့မှာ


ပညာ ဘွဲ့ ဒီဂရီ မရှိဘူး


သို့သော်...


သားအတွက် မလိုအပ်ပါဘူး


အမေ...


အမေ့မှာ


ဂုဏ်ပကာသန မရှိဘူး


သို့သော်...


သားအတွက် မလိုအပ်ပါဘူး


ဒါပေမယ့်-အမေ

အမေ့မှာ


မေတ္တာတရားတွေရှိတယ်


သစ္စာတရားတွေရှိတယ်


အကြင်နာတရားတွေရှိတယ်


ကရုဏာတရားတွေရှိတယ်


သားအလိုချင်ဆုံးက


အမေ့ရဲ့-မေတ္တာ


အမေ့ရဲ့-သစ္စာ


အမေ့ရဲ့-အကြင်နာ


အမေရဲ့- ကရုဏာ…..။


ပေးဆပ်သူတို့နှလုံးသား



ပညာမရှိသူ၏၀န်ထမ်း


ဖြစ်စတမ်း ဟု ထုံးတမ်းစဉ်ဆက်


မိန့်ဆိုချက်ကြောင့် အတက်ပညာ


သင်ကြားပါကွယ်…မေ့သားငယ်။


မေမေ့ရင်သွေး နယ်တကျေးမှာ


စားရေးသောက်ရေး ကျန်မာရေးတွက်


ငွေကြေးဖူလုံ ပြီးပြည့်စုံအောင်


လူကြုံတွေတိုင်း…ပို့ခဲ့တယ်။


မေမေ့သားငယ် ဗိုလ်ထုလယ်မှာ


ဝင့်ထည်လှပ နေနိုင်မှသာ


အကြင်နာရှင် မွေးမိခင်မှာ


ပျော်ရွှင်ဝမ်းမြောက်…နိုင်လိမ်မယ်။


အမေ့စကား ပြန်လည်ကြားရင်း


ကျောင်းများပိတ်ချိန် အမေ့အိမ်ဆီ


ဝတိံထက်ဖျား မိုးနတ်သားသို့


ဝတ်စားကျော့ကျော့ ရင်ကိုကော့ကာ


အသော့ပြန်လာ…ခဲ့ချိန်ဝယ်။


အိမ်အ၀င်မှာ သားတွေ့ပါပြီ


နွမ်းချာဝတ်စား အင်အားမခိုင်


ယိမ်းယိုင်လဲပြို အမေအိုသည်


သားကိုကြိုရင်း မြေတလင်းမှာ


ဝပ်စင်းခန္ဓာ ကြွေခဲ့ရှာသည်


သားမှာသောက-ဖြေမရ


လွမ်မျက်ရည်ခ..နေ့စဉ်ကျ။