သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, January 30, 2012

***ဒဏ်ရာမဲ့အနာ***


အစကတည်းက………

မျက်ဝန်းအကြည့်ကို ဘာသာပြန်လွဲခဲ့တာ

ရင်ခုန်သံတွေ အဆိပ်တက်

နင်ထွက်သွားတဲ့ နောက်မှသိတယ်

ပြောပြခွင့်တောင် မရခဲ့ပါဘူး

မျှော်လင့်ချက်တွေ တနင့်တပိုးနဲ့

တိုးတိုးတိတ်တိတ်ဆန္ဒတွေ

နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတွယ်တာမှု့တွေ

အလေးအမြတ်ထားခဲ့တဲ့ မြတ်နိုးမှု့တွေ

အပြာရောင်ဒိုင်ယာရီလေးထဲမှာ

တိတ်တစ်စိတ် ပျက်သုန်းလို့

နင်ကပဲ ဟန်ဆောင်ကောင်းခဲ့တာလား

ငါကပဲ ရိုးသားလွန်းခဲ့တာလား

ကျောချခံရတာတောင် ဓါးပြလို့ မယုံကြည်ခဲ့တော့

အားလုံပြီးဆုံးသွားတာတောင်

ရင်ထဲက ဒဏ်ရာတွေသွေးမတိက်ခဲ့ဘူး

မှန်ကွဲတစ်ချပ်လို ဘ၀ကို

အကောင်းအတိုင်းပြန်ဖြစ်စေဖို့

အိမ်မက်တွေနဲ့ဆက်ရင်း

မကျက်နိုင်သေးတဲ့ အနာအတွက်

မျက်ရည်တွေ တစ်စက်စက်ကျ

ရင်ကွဲခံခဲ့ရတာတောင်မှ

ခုချိန်ထိ…………

အတိက်ကိုဖျောက်ဖျက်

ချစ်သူဘက်ကရှေ့ နေ

လိုက်ချင်သေးတယ်…………….။


Dနောင်ဖြိုး(ရွှေမန်းမြေ)

No comments:

Post a Comment