ပညာမရှိသူ၏၀န်ထမ်း
ဖြစ်စတမ်း ဟု ထုံးတမ်းစဉ်ဆက်
မိန့်ဆိုချက်ကြောင့် အတက်ပညာ
သင်ကြားပါကွယ်…မေ့သားငယ်။
မေမေ့ရင်သွေး နယ်တကျေးမှာ
စားရေးသောက်ရေး ကျန်မာရေးတွက်
ငွေကြေးဖူလုံ ပြီးပြည့်စုံအောင်
လူကြုံတွေတိုင်း…ပို့ခဲ့တယ်။
မေမေ့သားငယ် ဗိုလ်ထုလယ်မှာ
ဝင့်ထည်လှပ နေနိုင်မှသာ
အကြင်နာရှင် မွေးမိခင်မှာ
ပျော်ရွှင်ဝမ်းမြောက်…နိုင်လိမ်မယ်။
အမေ့စကား ပြန်လည်ကြားရင်း
ကျောင်းများပိတ်ချိန် အမေ့အိမ်ဆီ
ဝတိံထက်ဖျား မိုးနတ်သားသို့
ဝတ်စားကျော့ကျော့ ရင်ကိုကော့ကာ
အသော့ပြန်လာ…ခဲ့ချိန်ဝယ်။
အိမ်အ၀င်မှာ သားတွေ့ပါပြီ
နွမ်းချာဝတ်စား အင်အားမခိုင်
ယိမ်းယိုင်လဲပြို အမေအိုသည်
သားကိုကြိုရင်း မြေတလင်းမှာ
ဝပ်စင်းခန္ဓာ ကြွေခဲ့ရှာသည်
သားမှာသောက-ဖြေမရ
လွမ်မျက်ရည်ခ..နေ့စဉ်ကျ။
No comments:
Post a Comment