သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, January 30, 2012

နှလုံးသားဈာပနပွဲ

အချစ်ရေ

ငါလိုကောင်ကလဲ

မင်းလိုပါပဲ
 
နှလုံးသားတည်းက လူတစ်ယောက်ပါ

နှစ်လုံးသားတစ်ခုလောက်တော့ ရှိမှာပေါ့

နှလုံးသား ရှိလို့လဲ  အချစ်ရှိတယ်

ချစ်တတ်တယ်  ချစ်ချင်တယ်

ချစ်မိတယ်

ဒါပေမယ့်  အချစ်ရယ်

မတော်တဲ့  ဘ၀နဲ့   ချစ်ခဲ့မိလို့

ခနော်ခနဲ့ စကားကျေဉ်တွေနဲ့

တအားဝေဖန်ပြစ်လိုက်ကြတော့

အလွမ်းဖြစ်မယ့် အချစ်တွေနဲ့

အရမ်းပစ်တဲ့  ကျဉ်တွေရဲ့ ကြားမှာ

ငါ့နှလုံးသားကို
 
မီးတိုက်သဂြိုဟ်ထားလိုက်ပြီ………။



Dနောင်ဖြိုး(ရွှေမန်းမြေ)

No comments:

Post a Comment