ရေးလိုက်တိုင်း စာတွေဖြစ်
တွေးလိုက်တိုင်း အမေ့ဆီရောက်
ဝေးကွာခဲ့တာ သုံးနှစ် သုံးမိုး
သားရင်မှာ ခေတ္တလေး
အမေ့ကိုလွမ်း ရာထောင်ချီလေး
ညဘက်မှာဆို အမေချော့သိပ်တဲ့တေးသံ
သတိရတိုင်း ကြားရောင်မိ
အမေ့ကိုပဲ မြင်ချင်၏ ။
အမေ့သွေး အေးမြ၏
လောကတရား အလွန်ဆန်းပြား
လောကဓံကို တွန်းလှန်
ဒုက္ခကို ပမာမပြု
ကျမျက်ရည် ခြေမဆေး
ကရုဏာတွေပေး
မေတ္တာရေ ချောင်းဖြစ်လို့
သားရဲ့သွေးထဲ စီးဆင်း
နဖူးကချွေး ခြေမဆင်း။
No comments:
Post a Comment