သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, September 25, 2012

အလိုလိုလေးများ

သီချင်းသံတွေကလဲ မြူးနေတယ်

စကားတွေလဲ ဖောနေကျတယ်

လဖက်ရည်လဲသောက်နေကျတယ်

ပျော်စရာပျောက်နေတဲ့ရင်ဘတ်မှာ

ပျော်စရာတွေဟာ ပျော်စရာဖြစ်ဘူး

ချိုစရာတွေဟာ မချိုဘူး

မြူးစရာတွေဟာ မမြူးဘူး

အလွမ်းငွေ့တွေထူတပ်နေတဲ့ ရင်ဘတ်မှာ

ပျော်စရာတွေ ရိုးတိုးရပ်တိတ်

ဘယ်အရာမှာ ဖမ်းမမိဘူး

ခက်ယဲ့ယဲ့လးသာ အားတင်းပြုံးနေရတယ်

ငါ့ရဲ့ အလွမ်းငွေ့တွေကြောင့်

သူငယ်ချင်းတွေရဲ့

အပြုံးပန်းတွေလဲ ညှိုးလို့

ပတ်ဝန်းကျင်တွေလဲ

မစိမ်းလန်းတော့ဘူး

အချစ်တစ်ခုက အပြစ်တစ်ခု

ခုလိုဖြစ်မယ် ဘယ်မထင်ခဲ့ဘူး

ရူးမူးစွာပဲ တိုးခဲ့မိတဲ့ ငါ့ခြေလှမ်း

အခုမှရှင်းတယ်ချစ်သူရယ်.....

ငါမင်းကိုချစ်ခဲ့လို့

အထီးကျန်ဘ၀ အလိုလိုရခဲ့တယ်

အကျဉ်းတန်ဘ၀ အလိုလိုရခဲ့တယ်

ဒီနေ့ထိပါကွယ်.........။

No comments:

Post a Comment