သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, January 10, 2012

အမေ……သို့

                                                                              

အမေ…


ဒုက္ခရိုက်ခတ် ၊ကြမ်းတမ်းထက်သည့်


တောနတ်ကမ္ဘာ ၊ လူ့ရပ်ရွာထဲ


ပုတ္တာလက်ဆွဲ ၊ တစ်ယောက်ထဲလည်း


တွဲလျှောက်ခဲ့တာ ၊ငါးနှစ်ကြာပေါ့…. ။


အမေ…


ဘ၀တက်လမ်း ၊ သားဝင်လှမ်းရွေ့


မလန်းခါခါ ၊ ပြုတ်ကျပါလည်း


ဖေးကာကူမ ၊ အမေမှသည်


သနားစိတ်ဓါတ် ၊ ကြီးမြတ်လှပေါ့…။


အမေ….


ဇရာမလင့် ၊ ရွယ်မရင့်ခင်


တင့်တယ်ရုပ်လွှာ ၊ ပြိုကျပါလည်း


မေတ္တာမပြို ၊ ခိုင်မြဲပိုသည်


အမေ့မေတ္တာ ၊ ထည်ဝါလှပေါ့ ….။


အရိပ် (တန့်ဆည် )

No comments:

Post a Comment