* သာယာရိပ်ငြိမ် အမေ့အိမ်မှ
ခွဲခွာခဲ့တာ နှစ်ပေါင်းကြာပေါ့
ရင်မှာတမ်းတ သတိရလည်း
အသိတရားသတိထားလို့
လွမ်းအားတွေပို ရှိုက်ကာငိုပြိး
ဘ၀ခရီးဆက် အားတွေပျက်လို့
ပန်းလျှက်ခွေယိုင် လဲလုပေါ့
ခလုပ်ထိမှ အမိတလို့
မဆိုပါနဲ့ အမေရယ်
အပူပင်ကင်း လွန်းသန့်ရှင်းသည့်
ချမ်းအေးမေတ္တာ အမေ့ရွာကို
ဘ
ယ်ခါမေ့နိုင်ပါ့မလဲ မမေရယ်…..။
* ရတုတွေဆက် အမေသက်ရှည်
ကြီးပါပေလည်း ဂုဏ်တွေပြည့်လျှမ်း
အံ့မခန်းမျှ ဓမ္မအောင်လံ
မိုးထက်လျှံလို့ ကြည်နူးလိုက်တာ အမေရယ်….။
*အမေ့အကြောင်း သတင်းကောင်းတွေ
ဝေးရပ်မြေမှ ကြားနေရတိုင်း
ရင်မှာလှိုင်းထ ဆုတောင်းရသည်
အမေ့ အသက်ရှည်ပါစေ………..။
No comments:
Post a Comment