*အမေ့ကျေးဇူးဂုဏ် အလွှာအဆင့်ဆင့်ကို
လျှာကုဋေကုဋာဖြင့် ဋီကာဖွင့်လို့
ကုန်စင်အောင် ပြောကြသော်လဲ
ကုန်နိုင်သည့် အရာမဟုတ် ။
*အမေ့ကျေးဇူးဂုဏ် အခန်းခန်းကို
အထူးအဆန်း ဆန်းဆန်းပြားပြား
ခမ်းခမ်းနားနားတင်စား သုံးနှုန်းကြသော်လဲ
ရိုးနိုင်သည့် အရာမဟုတ် ။
အမေ့ကျေးဇူး ဂုဏ်မဟာကို
ပုံပမာ အထွေထွေနဲ့
ရှာရှာဖွေဖွေ ခိုင်းနှိုင်းကြသော်လဲ
တုနှိုင်းလို့မီတဲ့ အရာမဟုတ် ။
*အမေ့ကျေးဇူးဂုဏ် အနန္တကို
အမေတို့ရဲ့ ကျေးဇူးဂုဏ်အနန္တဖြင့်သာ
စံပြဥပမာ ယှဉ်ကာပြပါမှ
အစဉ်ထာဝရ ပြည့်စုံတဲ့ ဥပမာဖြစ်လိမ့်မယ် ။
No comments:
Post a Comment