တစ်ယောက်တည်းငေး
အတွေးတွေနယ်ချဲ့နေခိုက်မှာ
အမေနဲ့ပက်သက်ခဲ့သမျှ
ပြန်ပြောင်း သတိရနေမိတယ်….
သိတတ်စ အရွယ် သားလေးခပ်ငယ်ငယ်တုန်းက
ဆန်းကွဲ ထမင်းနဲ့ ငါးပိရည်ကျဲဟင်းကိုလွေးရင်
ရိုင်းစိုင်းတဲ့ ကံကြမ္မာကို မလိုမုန်းတီး
အမေနာကြီးနေလိုက်တာ
မျက်နှာမှာ အထင်းသားမြင်တွေ့နေရတယ်
သားလေး နားမလည်လို့ အမေ့ကိုမေးကြည့်မိတော့
လျော့ရဲရဲ အမေ့မျက်နှာမှာ
ဝေဒနာ အပူမှန်သမျှ ဘယ်ရောက်ကုန်တယ်မသိ
သားလေးကို စိုက်ကြည့်ရင်း
အားတင်းကာပြောလိုက်တဲ့စကား
အခုထက်ထိကြားရောင်မိတယ် အမေ….
“ ငါ့ သားရဲ့ ဘ၀မှာ
မလှပတဲ့ ကံကြမ္မာတွေ အကြိမ်တစ်ရာမက
အမေ့ လိုကြုံတွေ့လာခဲ့ရင်
အားအင်မနွဲ့တမ်း ကြမ်းချင်သလောက်ကြမ်းပါစေ
အရှုံးမပေးဘူး ဒူးထောက်ဖို့ဆိုတာ ဝေးစွ
ငါ့ သားဘ၀မှာ လှစေရမယ်”
ဒီစိတ်နဲ့ ဒီဇွဲ မပျက်တမ်းခိုင်မြဲစွာ
အမေမှားကြားခဲ့တာကြောင့်
နားထဲကမထွက်
အသဲစွဲအောင် မှတ်မိနေပါတယ် အမေ….။
No comments:
Post a Comment