သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, January 11, 2012

** ထာဝရသစ္စာ **


 
 
*ကမ္ဘာတစ်ခွင် ၊ ရပ်ရှစ်ခွင်ထဲ
 
 
သစ်လွင်တောက်ပ ၊ ဆန်းသစ်ခှသည်
 
 
အမေ့မေတ္တာ ၊ ရောင်အ၀ါသည်
 
 
ပြိုင်လာအလင်း ၊ခင်းကျင်းရွေ့
 
 
ထင်လင်းပေစွ - ထာဝရ…။
 
 
**ကမ္ဘာတစ်ခွင် ၊ ရပ်ရှစ်ခွင်ထဲ
 
 
ကြည်လင်အေးမြ ၊ ချိုအေးလှသည့်
 
 
အမေ့နို့ရည် ၊ သီတာရေသည်
 
 
ရေမှန်သမျှ ၊ ကျော်လွန်လှရွေ့
 
 
ချိုမြပေစွ - ထာဝရ….။
 
 
**ကမ္ဘာတစ်ခွင် ၊ ရပ်ရှစ်ခွင်ထဲ
 
 
သံလွင်ချမ်းမြ ၊ သာယာလှသည့်
 
 
အမေဆိုတေး ၊ သံသသာတေးသည်
 
 
တေးဟူသမျှ ၊ သာလွန်းလှရွေ့
 
 
သာမောပေစွ … ထာဝရ………။ 
 

                   အရိပ် (တန့်ဆည်)

No comments:

Post a Comment