သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, September 19, 2012

လရောင်လွမ်းခြင်း


လက်မပြရဲလို့
ကျောခိုင်းထွက်ခဲ့ရပေမယ့်
လှမ်းခေါ်လေမလားလို့
နားစွန့်ထားခဲ့မိတာ
ဒီနေ့ထက်ထိပါပဲဟာ
သစ်ရွက်တွေ အကြွေစောတဲ့
အဲဒီလိုနေ့ရက်တွေတိုင်း
တိတ်တိတ်လေးတမ်းတနေတုန်းပဲဆိုတာ
မင်းကတော့…….
ဒီနေထက်ထိ
သိလိမ့်ဦးမယ်မထင်ဘူး
အတ္တတွေလှောင်ပိတ်ထားတဲ့
နှလုံးသားထဲမှာ
ထိန်းချုပ်မရတဲ့ ရင်ခုန်သံတွေရယ်
ငါ့ကဗျာထဲက ကာရံတွေကလွဲရင်
ငါနင့်ကို ချစ်တဲ့အကြောင်း
ဒီနေ့ထက်ထိ
ဘယ်သူမှမသိသေးတာ တစ်ခုနဲ့ပဲ
ငါ့ ဘ၀စာမျက်နှာတွေကို
အရောင်ရင့်ရင့်ချယ်လို့
မာနတွေနဲ့ လိမ်းကျံထားမိတာပါ
ငါ့ရင်ဘတ်ထဲက ရင်ခုန်သံတွေက
ဗြောင်ကျကျ ရင်ဆိုင်ရဲ့တဲ့
တစ်နေ့ကျရင်တော့
ငါ နင့်ကို ချစ်တဲ့အကြောင်း
နင်သိအောင် ပြောဖြစ်ဦးမှာပါ . . . ။

No comments:

Post a Comment