သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်
Sunday, September 30, 2012
***မောင့် လမင်းလေးသိစေချင်****
အမှောင်တွေ ချော့သိပ်
တိတ်ဆိတ်တဲ့ညချမ်းတွေမှာ
ငါအိပ်စက်ရင် အေးချမ်းခဲ့
အရိပ်မထင် အရောင်မပြ
အမှောင်ညတွေထဲ
ကန်ရေပြင်မှာ
ဘယ်အလှမှလဲ
မသိမ်းဆည်းခဲ့
ဘယ်အလှမှလဲ
မတိုးဝင်ခဲ့
ရိုးရှင်းတဲ့  ညတွေတဲ့လား.....?
ဒီတိုင်းလေးပဲ ရှိခဲ့
ဒီတိုင်းလေးပဲပြန်ရခဲ့
ဘာမှမဆန်းပေမယ့်
လွမ်းစရာဖြစ်ခဲ့တယ်
လမင်းဖြတ်လျောက်တဲ့   ညလေးရယ်...။
အလင်းပြလို့ ဖြတ်လျောက်တဲ့လမင်း
အလင်းလေးလို သိမ်းပိုက်မိတဲ့ရင်ခွင်
အထိအရှ အရမ်းလှတဲ့  အဲဒီခဏ
အချစ်တို့ ပြည့်စုံတဲ့ညတဲ့လား.....?
ငါဘ၀ဟာ အရင်တိုင်းပဲ အမှောင်ည
အရင်တိုင်းဆိုပေမယ့်ငါ့ဘဝ
အမှောင်ညတွေမှာ
လွမ်းချင်းတစ်ခု တမ်းတမှုတွေပိုခဲ့တယ်
သိစေချင်တယ်
မောင့် လမင်းလေးရယ်......
                                     ဝီရဆည်းဆာ
Wednesday, September 26, 2012
****မလွမ်းပါနဲ့ နီနီးလေးခဏလေးကို ပေဆပ်လို့ပျော်လိုက်****
ချစ်တယ်မလွမ်းချင်ဘူး
ချစ်တယ် မဆွေးချင်ဘူး
ချစ်တယ် မနာကျင်ချင်ဘူး
ချစ်တယ် မရူးချင်ဘူး
ဒါပေမယ့်လေ
ချစ်သူတိုင်းပြည့်စုံနေတာ ဒီအတိုင်း
ချစ်သူတိုင်းရနေတာ ဒီအတိုင်း။
တကယ့်ချစ်သူခဏခွဲ
တကယ့်ချစ်သူခဏ ကွဲ
ဝေးရပ်တစ်နေရာဆီ
နားလည်ပါတယ်ချစ်သူ
နားလည်ပါကွယ်ချစ်သူ
ဘာလုပ်လုပ်အရှုပ်မလုပ်ဘူး
နီးစပ်ဖို့အတွက် အလုပ်ကပျော်စရာ
အားကုန်ရုန်းရင်းပြုံးလို့ပျော်
တသက်မခွဲဖို့ခဏတွေကိုပေးဆပ်
တစ်ယောက်အချစ်တစ်ယောက်ရင်ကိုအပ်လို့
သစ္စာလမ်းပေါ်မှာ ခဏခွဲကျမယ်
တူပျော်တဲ့အချစ်
ဝေးနေရင်း မျော်ရင်းပျော်မယ့်အချစ်
ချစ်သူရေ .....သိစေ
ဒို့တွေဘယ်လောက်ဝေးဝေး
အနှီးဆုံးအချစ်ကို ခံစားရင်း
အားပေးတဲ့အချစ်က အားဆေးပါပဲ
ဝေးလေတိုင်းပြောခဲ့မယ်ချစ်သူ
အချစ်စစ်ဆိုတာ.......
ဘယ်တော့မှမသေဘူး
အချစ်စစ်ဆိုတာ
ဘယ်တော့မှမဝေးဘူးကွယ်...။
Tuesday, September 25, 2012
အလိုလိုလေးများ
သီချင်းသံတွေကလဲ မြူးနေတယ်
စကားတွေလဲ ဖောနေကျတယ်
လဖက်ရည်လဲသောက်နေကျတယ်
ပျော်စရာပျောက်နေတဲ့ရင်ဘတ်မှာ
ပျော်စရာတွေဟာ ပျော်စရာဖြစ်ဘူး
ချိုစရာတွေဟာ မချိုဘူး
မြူးစရာတွေဟာ မမြူးဘူး
အလွမ်းငွေ့တွေထူတပ်နေတဲ့ ရင်ဘတ်မှာ
ပျော်စရာတွေ ရိုးတိုးရပ်တိတ်
ဘယ်အရာမှာ ဖမ်းမမိဘူး
ခက်ယဲ့ယဲ့လးသာ အားတင်းပြုံးနေရတယ်
ငါ့ရဲ့ အလွမ်းငွေ့တွေကြောင့်
သူငယ်ချင်းတွေရဲ့
အပြုံးပန်းတွေလဲ ညှိုးလို့
ပတ်ဝန်းကျင်တွေလဲ
မစိမ်းလန်းတော့ဘူး
အချစ်တစ်ခုက အပြစ်တစ်ခု
ခုလိုဖြစ်မယ် ဘယ်မထင်ခဲ့ဘူး
ရူးမူးစွာပဲ တိုးခဲ့မိတဲ့ ငါ့ခြေလှမ်း
အခုမှရှင်းတယ်ချစ်သူရယ်.....
ငါမင်းကိုချစ်ခဲ့လို့
အထီးကျန်ဘ၀ အလိုလိုရခဲ့တယ်
အကျဉ်းတန်ဘ၀ အလိုလိုရခဲ့တယ်
ဒီနေ့ထိပါကွယ်.........။
Wednesday, September 19, 2012
လရောင်လွမ်းခြင်း
လက်မပြရဲလို့
ကျောခိုင်းထွက်ခဲ့ရပေမယ့်
လှမ်းခေါ်လေမလားလို့
နားစွန့်ထားခဲ့မိတာ
ဒီနေ့ထက်ထိပါပဲဟာ
သစ်ရွက်တွေ အကြွေစောတဲ့
အဲဒီလိုနေ့ရက်တွေတိုင်း
တိတ်တိတ်လေးတမ်းတနေတုန်းပဲဆိုတာ
မင်းကတော့…….
ဒီနေထက်ထိ
သိလိမ့်ဦးမယ်မထင်ဘူး
အတ္တတွေလှောင်ပိတ်ထားတဲ့
နှလုံးသားထဲမှာ
ထိန်းချုပ်မရတဲ့ ရင်ခုန်သံတွေရယ်
ငါ့ကဗျာထဲက ကာရံတွေကလွဲရင်
ငါနင့်ကို ချစ်တဲ့အကြောင်း
ဒီနေ့ထက်ထိ
ဘယ်သူမှမသိသေးတာ တစ်ခုနဲ့ပဲ
ငါ့ ဘ၀စာမျက်နှာတွေကို
အရောင်ရင့်ရင့်ချယ်လို့
မာနတွေနဲ့ လိမ်းကျံထားမိတာပါ
ငါ့ရင်ဘတ်ထဲက ရင်ခုန်သံတွေက
ဗြောင်ကျကျ ရင်ဆိုင်ရဲ့တဲ့
တစ်နေ့ကျရင်တော့
ငါ နင့်ကို ချစ်တဲ့အကြောင်း
နင်သိအောင် ပြောဖြစ်ဦးမှာပါ . . . ။
ခွဲခွါ(ဝေးကွာ) ခြင်းအမှတ်တရ
ထာဝရ လွမ်းညတွေ
မင်းသိစေချင်တယ်
တွယ်တာရသူကို
ကွယ်ရာမှာ စိတ်မချနိုင်
တွယ်တာသူ မင်းအလှ
တင်္ဒဂ (တခဏ) သဘောကျသူတွေကြားမှာ
နွမ်းကြွေသွားမှာဆိုးမိတယ်
သူ့ကိုစွဲလန်းမိမှ
အတ္တ ကိုကိုင်ဆုပ်ပြီး
ယိုင်နဲ့နဲ့ ချေလှမ်းတွေနဲ့ 
ပိုင်ရှင်မဲ့ညတွေထဲ
လျှောက်လှမ်းကာလွမ်းနေဆဲပါ………….။
Monday, September 17, 2012
***ခြောက်ခြားညများ***
မှန်ပြူတင်းမှာ
အလင်းမှုန်ရီ
တွေ့ရပြီမို့
သည်လိုညမျိုး
အိမ်မိုးထက်မှာ
လူးလာရွှေ့လျား
သူသွားလာတဲ့
လမင်းလမ်းလျှောက်သည့် . . . ည။
လှောင်အိမ်တွင်းမှာ
တမ်းခြင်းကဗျာ
ရင်မှာမွေးထုတ်
ငုတ်တုတ်ထိုင်ရင်း
သီကြူးခြင်းမှာ
အော်.......
လမင်း...လမင်း....
မှန်ပြူတင်းမှာ
နင်းချခြေသံ
မှန်မှန်ဖြတ်လျှောက်
အရိပ်လောက်ပြ
ခြောက်ခြားရက်တယ်
လမင်းရယ်......
ငါ့အတွက်တော့
သိပ်ရက်စက်တဲ့.....ည။
တမ်းခြင်းသီဖွဲ့
လွမ်းတတ်ခဲ့ပြီ
စက္ကူလှေငယ်
သူရယ်ဆော့လွန်း
ချစ်လွန်းတဲ့စိတ်
တိတ်တိတ်လေးကျေနပ်ရင်း
လမင်းရယ်.............
ခြေသံတွေချနိုင်လွန်း
ခြောက်ခြားလွန်းသည့်ညတွေ
များခဲ့လေပြီကွယ်.......။