သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်
Sunday, January 8, 2012
လော ကဓံနဲ့ ပန်းမေမေ
အင်္ကျီထမီ  အရောင်မွဲ
ရွှံ့တွေနဲ့လဲ ဆေးထက်ချယ်
ချွေးသီးတွေက သနပ်ခါးတွေကိုဖျက်
နေရောင်ပြင်းတွေက  အသားရေကိုဖျက်
ကံမွဲတဲ့  ဆင်းရဲသူ ဘ၀မှာ
လောကဓံမျိုးစုံ ထိုးနှက်ချက်ကပြင်း
တောတွင်းမှာ ခရီးတောက်လျှောက်ခဲ့ရ ။
အမောများနဲ့ အိမ်ပြန်ရောက်
သားငယ်လေးက ကောက်မေးလိုက်တယ်
စကားတစ်ချို့
“အမေ ကြာလိုက်တာဗျာ”တဲ့
အပြုံးပန်းလေးက သိုက်သိုက်မြိုက်မြိုက်
ဖြေပြလိုက်တဲ့ စကားတချို့
“ ထမင်းစားဖို့အတွက်ပေါ့  သားလေးရဲ့” တဲ့
အဲဒီ အပြုံးပန်း
နေရောင် ကြောင့် ပွင့်တဲ့ ပဒုမ္မာမဟုတ်ဘူး
လရောင်ကြောင့်ပွင့်တဲ့ ကုမုဒြာမဟုတ်ဘူး
မငြိုးသော မနွမ်းသော 
ပမာတူ မရှိသော ခိုင်မြဲသော
ဘာနဲ့မှ မပျက်ဆီးနိုင်သော
အအေးမြဆုံး အလှပဆုံးဖြစ်တဲ့
အမေ့ရင်ထဲက မေတ္တာပန်း
လန်းဆန်းပါစေ ပန်းမေမေ…………။
No comments:
Post a Comment